Android ဖုန်းပိုင်ရှင်တွေအတွက် Mobile Alarm System
လို့ခေါ်တဲ့ဆော့ဝဲလေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေ။
ကိုယ့်ဖုန်းတစ်နေရာမှာမေ့ကျန်ခဲ့လို့ဖြစ်စေ ၊ တစ်နေရာမှာ
ခဏထားခဲ့လို့ဖြစ်စေ ၊ ကိုယ်မရှိခင်အချိန်လေးမှာ
တခြားသူတစ်ယောက်ယောက်က ကိုယ့်ဖုန်းကို
ကိုင်တာမျိုးကိုမကြိုက်ဘူးဆိုရင် အခုမိတ်ဆက်ပေးမယ့်ဆော့ဝဲလေး
Mobile Alarm System ကိုအသုံးပြုနိုင်ပါတယ်။
Android ဖုန်းတော်တော်များများမှာအသုံးပြုနိုင်ပါတယ်။
ဒီဆော့ဝဲလေးနဲ့လုပ်နိုင်တဲ့အချက်ကတော့ -ဖုန်းကိုလက်ရှိထားတဲ့နေရာကနေ
ရွေ့သွားအောင်ကိုင်မိရင် ဖုန်းက Alarm ထမြည်လာခြင်း -Proximity Sensor
ကိုအသုံးပြုထား၍ ဖုန်းရဲ့မျက်နှာပြင်ကိုထိလိုက်တာနဲ့
ဖုန်းက Alarm ထမြည်လာခြင်း - ဖုန်းကို ကွန်ပျူတာနဲ့ချိတ်ဆက်ထားစဉ်
(သို့) အားသွင်းနေစဉ် ဖုန်းကြိုးကိုတစ်ယောက်ယောက်က ဆွဲဖြုတ်လိုက်တာနဲ့
ဖုန်းက Alarm ထမြည်လာခြင်း - ဖုန်းမှာပါတဲ့ Camera
ကို ဆော့ဝဲက auto အသုံးပြုပြီး ဖုန်းရှေ့မှာ တစ်စုံတစ်ခုလှုပ်ရှားမှုတွေ့တာနဲ့
ဖုန်းကချက်ချင်း Alarm မြည်ပြီး အဲဒီလှုပ်ရှားမှုအဖြစ်အပျက်ကို
ဓာတ်ပုံရိုက်ယူထားနိုင်ခြင်း စတဲ့ features အလန်းစားတွေပါဝင်ပါတယ်။
ဒီဆော့ဝဲလေးကို Google Play မှာ ၁.၂၅ ဒေါ်လာနဲ့ဝယ်ယူရရှိနိုင်ပြီး
http://www.mediafire.com/download/l5j9x9b9uq0w1ax/Mobile_Alarm_System+by+pyaesone.apk
ဒီမှာတော့ freedownload ရယူနိုင်ပါတယ်။
No comments:
Post a Comment